ရန်ကုန်လို နိုင်ငံ့ စီးပွားရေးကို
ကိုင်လှုပ်နိုင်တဲ့နေရာမှာ ဖြိုးမင်းသိန်းလို
ကောင်ကိုထားပြီး တိုင်းပြည်ဘဏ္ဏာ
အမြောက်အများ ဆုံးရှုံးခဲ့တဲ့
လုပ်ရပ်တွေ ကိုဖော်ထုတ် တဲ့
nld ဗဟိုအလုပ်အမှုဆောင် ၂ ဦးကို
ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှ
ထုတ်ပယ်လိုက်ပါတယ်**
ဒေါ်စုကြည့် ရှိတဲ့အချိန် မှာပင်
nldပါတီ အတွင်းအက်ကြောင်းတွေ
အများကြီး ရှိနေပြီး ဒေါ်စု ကြည်
အလွန်ကာလ nld ပါတီ ရဲ့ ရပ်တည်မှု
ဟာ အာမခံချက် မရှိ နိုင်ဘူးဆိုတာ
သုံးသပ်ရရှိပါတယ်**
မကြာခင်က ပုသိမ်မဲဆန္ဒနယ်မှ
အမျိုးသမီး လွှတ်တော် ကိုယ်စလှယ်
တစ်ဦးကလည်း nldအစိုးရကို
အယုံအကြည် မရှိကြောင်း တရားဝင်
ထုတ်ဖော် ပြောကြားခဲ့ပါသေးတယ်**
အဖက်ဖက်က ကျဆင်းနေတဲ့
နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေကို
ဒေါ်စုကြည် အစိုးရဟာ ကောင်းမွန်စွာ
ထိန်းသိမ်းနိုင်လောက်အောင် အရည်အချင်း
မပြည့်ဝ တဲ့ အတွက် လွှတ်တော်နှင့်
အစိုးရ အကြား သဘောထားကွဲလွဲမှုများ
မြှင့်တက် လာခြင်းဖြစ်ပါတယ်***
ရန်ကုန်တိုင်းဒေသကြီး အတွင်း
စီမံကိန်းပေါင်းမြောက်များစွာ အရှုံးပြပြီး
တိုင်းပြည်ဘဏ္ဏာ ငွေ ဘီလီယံပေါင်းများစွာ
ဆုံးရှုံးနေခြင်းဟာ အမှန်တရား ဖြစ်ပြီး
ဘာနဲ့မှ ဖုံးကွယ် ထား လို့မရသော
အခြေအနေပါ**
သို့သော်လည်း ဒေါ်စုကြည် ဦးဝင်းထိန်တို့နှင့်
ဆက်ဆံရေးကောင်းသော ဖြိုးမင်းသိန်းဟာ
ပါတီ ဗဟိုကို ပါ ချုပ်ကိုင် ထားပြီး
၎င်း၏ အားနည်းချက်များကို ဖုံးကွယ်
ခဲ့ ပါတယ်**
ဒါကို ဖော်ထုတ် ပြောကြားသူ မှန်သမျှကို
ပါတီ မှ ထုတ်ပြစ်ခြင်း အရေးယူခြင်းတွေ
လုပ်ဖို့ အာဏာ နှင့် ငွေအားကို အသုံးချ
တဲ့  အတွက် ဖြိုးမင်းသိန်းဟာ နေရာတည်မြဲ
နေပြီး တိုင်းပြည်ဘဏ္ဏာငွေ များကတော့
နေ့စဉ်နှင့် အမျှ ဆုံးရှုံးနေပါတယ်***
ရန်ကုန်တိုးတက်လား မတိုးတက် လား
ရန်ကုန်သားတွေ အသိဆုံးဖြစ်မှာပါ
ဘာနဲ့မှ ဖုံးကွယ်ထားလို့မရတော့ သည့်
အတွက်သာ ကွန်မြူနစ်တွေ ကဲ့သို့ မိမိအယူဝါဒ
ကို ထိပါးသူ မှန် သမျှကို အတွင်းက ဖြစ်စေ
အပြင်က ဖြစ်စေ ဖြုတ် ထုတ် သတ်
လမ်းစဉ် ကို ကျင့်သုံး နေကြခြင်းဖြစ်ပါတယ်**