( စက်တင်ဘာ - ၀၂၊ ၂၀၁၈ ) ကလေး ၄၀- သေဆုံးရသော ယီမင်လေကြောင်းတိုက်ခိုက်မှု့မှာ လက်ခံနိုင်ဖွယ် စစ်ရေး ဆောင်ရွက်ချက်မဟုတ်သော “ မှားယွင်းမှု့ “ ဖြစ်ကြောင်း ဆော်ဒီဦးဆောင် ညွန့်ပေါင်းတပ်ဖွဲ့ ၀န်ခံ။ ဂျက်တိုက်လေယာဉ်မှူး၏ ဆုံးဖြတ်ချက်နှောင့်နှေးခြင်းကြောင့် ပျက်စီးဆုံးရှုံးရမှု့ဖြစ်ခဲ့ဟုဆို။ =================================== ((( The Independent ., 1 Sep, 2018 20:22. “Saudi-led coalition admits air strike on Yemen school bus was 'unjustifiable” By: Saman Javed ကို Htay Oung ဘာသာပြန်ဆိုသည်။ ))) ဆော်ဒီအာရေးဗီးယား ဦးဆောင်သော စစ်ဖက်ညွန့်ပေါင်းတပ်ဖွဲ့က လွန်ခဲ့သည့်လ ယီမင်နိုင်ငံအတွင်း ကလေး ၄၀ အပါအ၀င် သေဆုံးရသော ၄င်းတို့၏ လေကြောင်းတိုက်ခိုက်မှု့မှာ လက်ခံနိုင်ဖွယ် စစ်ရေးဆောင်ရွက်ချက် မဟုတ်သော “ မှားယွင်းမှု့ “ ဖြစ်ကြောင်း ၀န်ခံလိုက်သည်ဟု ဗြိတိန်အခြေစိုက် The Independent သတင်းစာက ယနေ့ရေးသားသည်။ ယီမင်နိုင်ငံအတွင်း အရပ်သားများ သေဆုံးရခြင်းကို ပိုမိုကန့်သတ်ရန် နိုင်ငံတကာဖိအားပေးမှု့ ပြင်းထန်လာပြီးနောက် ညွန့်ပေါင်းတပ်ဖွဲ့အတွင်းဖွဲ့စည်းထားသည့် ဖြစ်စဉ်အကဲဖြတ်ပူးတွဲအဖွဲ့ ( JIAT ) ၏ စုံစမ်းစစ်ဆေးမှု့အရ လေကြောင်းတိုက်ခိုက်မှု့မှာ အဆိုပါ ဘတ်စ်ကားအား ဟူသီသူပုန်ခေါင်းဆောင်များလိုက်ပါလာကြောင်း ထောက်လှမ်းရေးသတင်းများကို အခြေခံ၍ လူသားချင်းစာနာမှု့ ဆိုင်ရာဥပဒေဘောင်အတွင်း စစ်ရေးဆောင်ရွက်ခွင့် တရားဝင်သည့် ပစ်မှတ်အဖြစ် ယူဆရာမှ စတင်ခဲ့သည်ဆို၏။ ဆီလျှော်သော အချိန်နှင့် နေရာကို ဆုံးဖြတ်ရန် ဂျက်တိုက်လေယာဉ်မှူး၏ ပြင်ဆင်မှု့နှောင့်နှေးခဲ့ခြင်းကြောင့် ပစ်ခတ်မှု့ဖြစ်ခဲ့လျှင် တစ်ဆက်တည်းဖြစ်တန်ရာသော ပျက်စီးမှု့များကို ရှောင်ရှားနိုင်မည့် အခွင့်အရေးကို လက်လွတ်ခဲ့ရကြောင်း ပူးတွဲအဖွဲ့က တွေ့ရှိခဲ့သည်။ ပစ်မိန့်ရုတ်သိမ်းကြောင်း နှောင့်နှေးနေခြင်းကိုလည်း ဆက်လက် စုံစမ်းစစ်ဆေးရမည်ဖြစ်ပြီး သေဆုံးရသူတို့နစ်နာမှု့ကို ကုစားရန်နှင့် မှားယွင်းခြင်း၌ ညွန့်ပေါင်းတပ်ဖွဲ့တွင် တာဝန်ရှိသည်ဟု ပူးတွဲအဖွဲ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်ဆို၏။ လွန်ခဲ့သော ရက်သတ္တပတ်တွင် ကုလသမဂ္ဂလူ့အခွင့်ရေး ကျွမ်းကျင်သူတို့က ဆော်ဒီဦးဆောင်ညွန့်ပေါင်းတပ်ဖွဲ့၏ အဆိုပါ လေကြောင်းတိုက်ခိုက်မှု့မှာ စစ်ရာဇ၀တ်မှု့မြောက်ကြောင်း ပြောဆိုခဲ့သည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်ကမူ ဆော်ဒီဦးဆောင်ညွန့်ပေါင်းအဖွဲ့အား အမေရိကန်၏ ထောက်ခံမှု့မှာ ခြွင်းချက်မရှိ မဟုတ်ကြောင်း သို့သော် မဟာမိတ်နိုင်ငံများအပေါ် မိတ်မပျက် ဆက်လက်တည်ရှိနေသင့်ကြောင်း အကြံပြုခဲ့သည်။ ယီမင်နိုင်ငံ ဟူသီသူပုန်များ ထိန်းချုပ်ထားသော ဒါယန်းမြို့ ဈေးအတွင်း စာရေးကိရိယာဘတ်စ်ကားအား ဒုံးကျည်ထိမှန်မှု့တွင် လူ ၅၁-ဦးသေဆုံးခဲ့ရာ ကျောင်းသား ကလေးငယ် ၄၀ ပါဝင်ခဲ့သည်။ ဆေးရုံသို့ရောက်ရှိလာသော သွေးအလူးလူးနှင့် ကလေးငယ်များသတင်းဓါတ်ပုံကြောင့် ကမ္ဘာတစ်ဝှမ်း ဒေါသဖြစ်ခဲ့ရသည်။ ယီမင်သူပုန်များအား တိုက်ခိုက်ရန် လက်နက်ရောင်းချခြင်းနှင့် စစ်ဆင်ရေးထောက်ပံ့မှု့ပြုလျှက်ရှိသော ဗြိတိန်နှင့် အမေရိ ကန်ကဲ့သို့ နိုင်ငံများအပါအ၀င် ( ပင်လယ်ကွေ့မဟာမိတ် ) အနောက်နိုင်ငံများကြား အခြေအတင် ငြင်းခုန်စရာဖြစ်ခဲ့ ရသည်။ https://www.independent.co.uk/news/world/asia/yemen-school-bus-civil-war-saudi-coalition-unjustifiable-a8518606.html https://www.middleeasteye.net/news/saudi-led-coalition-admits-mistakes-made-deadly-yemen-bus-strike-29944644 https://www.france24.com/en/20180901-yemen-air-strike-jirzan-bus-unjustified-coalition-body-jiat-houthis-saudi-arabia-civil-war Saudi-led coalition admits air strike on Yemen school bus was 'unjustifiable' 'There was a clear delay in pre

Теги других блогов: Yemen Saudi-led coalition air strike unjustifiable